လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့လယ် ဆူးလေနဲ့ မြို့တော်ခန်းမအနီးမှာ တော်လှန်လူငယ်တွေက “ကြောက်ခေတ်ကိုမှောက်ပစ်” ကြွေးကြော်သံ စာသားဓာတ်ပုံနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဒီနေ့အောက်တိုဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
“ယနေ့ချိန်တွင် ဖက်ဆစ်တပ်၏ အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင် မရှိနိုင်တော့ပါ။ ရန်သူသည်အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ပါ။ အကြောက်တရားကြောင့်သာ အုပ်ချုပ်ခွင့်ရနေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်သည်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က အထက်ပါလှုပ်ရှားမှုနဲ့အတူ ထုတ်ပြန်ထားပါတယ်။



