စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ထိုင်းဘက်မှတင်သွင်းသည့် ပစ္စည်းအချိုပြတ် လပ်နေပြီး လက်ကျန်ပစ္စည်းများ ဈေးမြင့်တက်နေတယ်လိုသိရပါတယ်။
စူပါမားကတ်နဲ့ စျေးဆိုင်အချို ထိုင်းဘက်ကသွင်းတဲ့ လူသုံးကုန်တွေနဲ့ ဆေးဝါးတွေ စျေးကွက်အတွင်းမှာပြတ်တောက်နေတယ်လို ရန်ကုန်မြိုခံတွေကဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ဂိတ်မှ ကုန်စည်တင်သွင်းသူတွေဟာသွင်းကုန်လိုင်စင်လျှောက်ထားရာတွင် လိုင်စင်မချပေးခြင်းကြောင့် နားလည်မှုဖြင့် ကုန်ပစ္စည်းများကို တင်သွင်းနေရတယ်လို ကုန်သည်တွေကပြောပါတယ်။
သွင်းကုန်လိုင်စင်မချပေးဘဲ ကုန်စည်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း တင်သွင်းဖိုအခက်အခဲတွေဖြစ်ပေါ်နေတာပါ။
ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်လမ်းကြောင်းကလည်း ကုန်စည်တွေ၀င်ရောက်မှုကို ပိတ်ထားချိန်ထိုင်းဘက်ကလည်း စစ်ကောင်စီရဲ့တင်းကြပ်မှုတွေကြောင့်ရပ်ဆိုင်းရလုနီးပါးအခြေအနေနဲ့ကြုံတွေ့နေရတာပါ။