ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာ (၂၇) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ သေဂေလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်နိုင်ဖို့အတွက် လက်နက်ကြီး စုစုပေါင်း (၂၈) လုံး ခန့်ပစ်ခတ်ခဲ့ရာ အဲ့ဒီလက်နက်ကြီးတွေဟာ သေဂေလူ ကျေးရွာအတွင်း (၂၆) လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သလို ကျန် () လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ငနွားဆိပ်ကျေးရွာနေ (၄၀) နှစ်နဲ့ (၁၃) နှစ်အရွယ် အမျိုးသမီး () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ သေဂေလူကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်နိုင်ဖို့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့်  သေဂေလူကျေးရွာ၊ ငနွားဆိပ့်ကျေးရွာနဲ့ ဝဲတူးကျေးရွာစတဲ့ ကျေးရွာ () ရွာက အိမ်ခြေ  (၃၉၂) အိမ်က လူဦးရေ (၁၈၅၄) ယောက် စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသလို အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ(၂၆)ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရွှေဝါ တပ်ရင်းက လက်နက်ကြီး ()လုံး နောင်ကုန်းကျေးရွာ အနီး ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ပေါင်းစုရဲ့ ချေမှုန်းမှုမခံရခင် ဘီလူးစစ်ကြောင်းအပါအဝင် စစ်အုပ်စု ဘာတွေကျူးလွန်ခဲ့လဲ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှာ မူးယစ်ဆေးစွဲသူတွေပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင်၊ မီးရှို့၊ လူသတ်၊ ပစ္စည်းလု လုယက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက စည်းလုံးမှုအင်အားနဲ့ ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) မှ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။