အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ်  ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလအတွင်း မင်းအောင်လှိုင်ကို တရုတ်က နိုင်ငံတကာအစည်းအဝေးတချို့မှာ တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အမုန်းပွားမှုတွေကို ဖြစ်စေတာကြောင့် စိုးရိမ်ပူပန်တယ်လို့ NUG ရဲ့သဘောထားကိုဦးကျော်ဇော်ကပြောကြားလိုက်တာပါ။

ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ဦးကျော်ဇောက အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒေသတွင်း ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဖန်တီးနေတဲ့ လူသတ် အကြမ်းဖက်သမားဖြစ်လို့ နိုင်ငံတကာရဲ့ တရားဝင်မှုကို မရရှိသင့်ဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးတက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုကို NUG က အခုလို ကန့်ကွက်လိုက်တာပါ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားကို အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ စကစ ပြန်ကြားရေး)

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းပီသစွာရပ်တည်ဖို့နဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

နှစ်နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး ၊ အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ဖို့၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ရှိတယ်ဆိုတဲ့ မူဝါဒ အစရှိသဖြင့်တို့ကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ပြောထားပြီးသား ဖြစ်ပါတယ်။ အဲဒီ မူဝါဒအတိုင်း ကျနော်တို့ ဆက်လက်ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ ကျနော်တို့ သဘောထားရှိပါတယ်။ တစ်ချိန်တည်းမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတာ ကျနော်တို့အနေနဲ့ စိတ်မကောင်း စိုးရိမ်ပူပန်မှု ဖြစ်မိပါတယ်လို့ဦးကျော်ဇောကပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ရင် မြန်မာပြည်သူလူထုရဲ့ အထင်အမြင်လွဲမှားမှုကို မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေး အင်အားစုတွေအပေါ် တရုတ်က ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မြန်မာပြည်သူလူထုရဲ့ အမုန်းပွါးမှုတွေ ဖြစ်ပေါ်လာနိုင်လို့ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို ပြန်လည်သုံးသပ်ဖို့ တရုတ်နိုင်ငံကို NUG က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။