စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 

ကချင်ပြည်နယ် မိုးမောက်နဲ့ ဗန်းမော်မြို့နယ်အကြား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ အခြေစိုက် ခမရ (၄၃၇) တပ်ရင်းကို  စစ်ကောင်စီကပြန်လည်ရရှိဖို့ထိုးစစ်ဆင်လာပြီးမိုးမောက်မြို့အနီးမှာလည်းထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားနေတယ်လို့ကချင်စစ်ရေးသတင်းအရင်းအမြစ်ကဆိုပါတယ်။

စစ်ကောင်စီကသာလွန်အင်အားနဲ့ထိုးစစ်ဆင်နေပြီးသံချပ်ကာယာဉ်တွေအသုံးပြုကာမြေပြင်မှာတိုက်ခိုက်နေတယ်လို့သိရပါတယ်။

မိုးမောက်မြို့နယ် တစ်ခုလုံးကို KIAက ပြီးခဲ့တဲ့ ဩဂုတ်လက အပြီးသတ် ထိန်းချုပ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

KIA ဟာ စစ်ကောင်စီတပ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး  ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့်၊ တနိုင်း၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်၊ ဆော့လော်နဲ့ ချီဖွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေရွာ စစ်တပ်စခန်းကို သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေဆုံး၊ စစ်သုံ့ပန်းအများအပြား ဖမ်းမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ အဓိက ကာကင်းစခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

လက်ဝဲ+မြင်းနီရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၈၂ နှစ်အရွယ် အဘိုးအို ၁ ဦး သေဆုံး… သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာမှာလည်း လေကြောင်း​တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ…

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။