ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် – KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို ၊ မိုးဗြဲ ၊ ဖယ်ခုံ နဲ့ တခြား ကယန်းဒေသအသီးသီးမှာ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းကာ ကယန်းအမျိုးသားတပ်မတော် KNA အဖြစ်ဖွဲ့စည်းလိုက်တာပါ။

(ဓာတ်ပုံ KNA)
(ဓာတ်ပုံ KNA)

ကယန်းအမျိုးသားတပ်မတော်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော မည်သည့် အဖွဲ့အစည်းနှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဖြစ်သည်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယန်းအမျိုးသားတပ်မတော်ကို တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ကယန်းအမျိုးသားတပ်မတော်မှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မတော် (DMO-PDF)တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကယန်းတပ်မတော်ဟာ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ညီနောင်မဟာမိတ်တွေနဲ့ လက်တွဲသွားမှာဖြစ်သလို စစ်ရေးလှုပ်ရှားမှုတွေကို ကရင်နီဒေသတွင်းမှာ ဖြန့်ကျက်လုပ်ဆောင်တော့မယ်လို့ တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ KNA)
(ဓာတ်ပုံ KNA)
(ဓာတ်ပုံ KNA)
0 Shares:
You May Also Like
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာကြီးက မျက်ကွယ်ပြုထားပေမယ့် မြန်မာပြည်သူများ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ကိုထိန်းလင်းပြော၊ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းဆိုနေပေမယ့် စစ်တပ် ဘာမှမတုံ့ပြန်

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲသတ်နေသလို ပြည်သူတွေရဲ့ အသံကို ပိတ်ပင်ဖို့ ကြိုးစားနေကြောင်း၊ ဒါတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဒီနေ့ ပြောပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။