မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ်၁ တပ်ရင်းထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၆ ရက်အထိ ကရင်မစမ်းကျေးရွာမှာ တပ်စွဲပြီး နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်တာ၊ အရပ်သားပြည်သူနေအိမ်ရှိ စားနပ်ရိက္ခာ၊ ငွေကြေးယူဆောင်တာတွေ လုပ်ဆောင်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်က တလုတ်ပင်အထိုင်စခန်းကို နေထိုင်ကာ အောက်တိုဘာ ၂၇ ရက်မှ အောင်လံမြို့သို့ ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် () တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည် တော်တပ်ရင်း (၈၀၄)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်လံ ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့ မှတ်တမ်းရုပ်သံကို KNDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၉ ရက်က စပ်စီရွာနဲ့ ပျဉ်းဝကြား ကားလမ်းမပေါ် (သိန်းလေးဆယ်)ကွေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။