မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းမှာ သံလွင်တိုင်းမ် အယ်ဒီတာချုပ်ရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက လာရောက်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိတ်ပိတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အိမ်ကလူတွေပါ ရှောင်ပြေးနေရတော့ မသိဘူး၊ ဗီနိုင်းမှာ ရေးထားသလို အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်နေသောကြောင့် ဆိုတာပဲ သိတယ်။ ခုလိုလုပ်သွားတဲ့အပေါ် သူတို့ရဲ့အာဏာကို ထိပါးမယ်ထင်တဲ့ မည်သူ့ကိုမဆို နှိပ်ကွပ်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ပါတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနရဲ့အယ်ဒီတာချုပ်ဖြစ်သူ ဦးကိုကိုဇော်က မောင်းကို ပြောပါတယ်။

အာဏာသိမ်းကာစအစောပိုင်းအချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာတုန်းကလည်း မော်လမြိုင်မြို့က သံလွင်တိုင်းမ်သတင်းဌာနရုံးကို အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တာကြောင့် သတင်းဌာနအဖွဲ့ဝင်အားလုံး တိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနဟာ၂၀၁၂ ခုနှစ် မေလမှာ စတင်တည်ထောင်ခဲ့တဲ့ မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားမီဒီယာတစ်ခု ဖြစ်ပြီး လက်ရှိမှာလည်း မွန်၊ကရင်၊ တနင်္သာရီတခွင်က စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စောင့်ကြည့်လေ့လာပြီး ရေးသားဖော်ပြနေတဲ့ သတင်းဌာန ဖြစ်ပါတယ်။

သံလွင်တိုင်းမ် အယ်ဒီတာချုပ်ဖြစ်သူရဲ့နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်ပြီးနောက် တွေ့ရစဉ်
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။