MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ မြန်မာစံတော်ချိန် ည ၁၂ နာရီ မိနစ် ၂၀လောက်မှာ အာဏာသိမ်းစစ်တပ်က လောက်ကိုင်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ဓာတ်ပုံ 果敢资讯网)

တိုက်လေယာဉ်တွေနဲ့ လောက်ကိုင်မြို့ရှိ စွမ်းဖုန်ချိန် (Shuang feng cheng)ဧရိယာတွင် လေကြောင်းမှ ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပြီး အဆိုပါဒေသရှိ ဟိုတယ်အဆောက်အအုံအများအပြား ဗုံးကြဲခံရခြင်းဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဟိုတယ် အနီးကအရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ 果敢资讯网)

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ကံကောင်းထောက်မစွာ ဒဏ်ရာရရှိသူ တစ်ဦးမျှ ဒဏ်ရာမပြင်းထန်ခဲ့ဘူးလို့လည်း သိရပါတယ်။

(ဓာတ်ပုံ 果敢资讯网)
(ဓာတ်ပုံ 果敢资讯网)
(ဓာတ်ပုံ 果敢资讯网)
0 Shares:
You May Also Like
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပဲခူးတိုင်းအတွင်း ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု

ပဲခူးတိုင်းအတွင်း ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူတွေ၊ ပြန်လည်ထူထောင်ရေးစခန်းမှာ တက်ရောက်နေသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်ကောင်စီအဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် ဗိုက်ပွင့် သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။