MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက်အစောပိုင်းမှာ နမ့်ခမ်းမြို့ကိုလည်းကောင်း၊ မနေ့က အောက်တိုဘာ ၂၆ ရက် ညပိုင်းမှာ လောက်ကိုင်မြို့ကိုလည်းကောင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လောက်ကိုင်ရော နမ့်ခမ်းမြို့မှာပါ ပေါက်ကွဲသံတွေ ထပ်ဆင့်ကြားခဲ့ရပြီး ဘယ်နေရာကို ထိမှန်ပေါက်ကွဲခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ရှမ်းမြောက်က မြို့တွေကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

TNLA နဲ့ MNDAA ကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျုံပျော်မှာ အရပ်သား မော်တော်ယာဉ်တွေကို စစ်တပ်အသုံးပြုဖို့ အဆင်သင့်ပြင်ခိုင်းထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။