ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီး ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဝင်းရေးမြို့နယ်အနီးက ကျေးရွာတွေဖြစ်တဲ့ ပနော်ကလဲခီး ကျေးရွာကိုပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဘုရားကျောင်း ၁ လုံးနှင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ပနော်ကလဲခီး ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်၏ မှော်ဘီတပ်မှ တက်လာတဲ့ Y-12 လေယောဉ် ၁ စီးဖြင့် ကင်းထောက်ပြီး မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်ခန့်တွင် နေပြည်တော်မှ တက်လာတဲ့တိုက်လေယာဉ် Yak-130 ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ် အရွယ် စောသဲမူး သေးဆုံးခဲ့ပြီး အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂ လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း ၁ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဝင်းရေးမြို့အနီးမှာ ထိတွေ့တိုက်ပွဲအချို့ မရှိသလောက်နည်းပါးချိန်မှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်ပါတယ်။

