မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) ကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်မှာ အဆိုပါ ပျူစောထီးရွာကို Drone နဲ့ ဗုံးသီး (မီးလောင်ဗုံး) သွားရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မနက်ပိုင်း အချိန်မှာ ဗုံးသီး (၁၀)လုံးနဲ့ ညနေပိုင်းအချိန်မှာ ဗုံးသီး (၅)လုံး စုစုပေါင်း ဗုံးသီး (၁၅)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အဆောက်ဦး ထိခိုက်ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နောက်ဆက်တွဲက မသိရသေးပါဘူး။ ဘာလို့လဲ ဆိုတော့ တရွာလုံးက ပျူစောထီးတွေ ဖြစ်နေလို့ပါ။ ရှေ့တခါ သွားတိုက်တုန်းကလည်း တလလောက်နေမှ ဘယ်သူသေတယ်ဆိုတာကို ကျွန်တော်တို့ သတင်းပြန်ရတဲ့ အခြေအနေမို့ပါ။ ထိခိုက်သေဆုံးကတော့ ရှိမှာပါ Drone ချလိုက်တဲ့ အချိန်မှာ မီးလောင်နေတာလည်း တွေ့ခဲ့ရပါတယ်။” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
လက်ရှိမှာတော့ ရန်သူ့ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံ စမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉တပ်ရင်းနှင့်အတူ ရဲဘော်ညီနောင်ပြောက်ကျားတပ်၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ NY Local PDF တို့ကနေ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – MBT တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။
Read More

ညောင်ဦးတွင် မဲရုံစောင့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ မဲရုံများ ပြန်လည်ရုတ်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။