ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အညာသားရဲ့ ရက်လည်ဆွမ်းကပ်တရားနာကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးတစ်လျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ လေကြောင်းပစ်ကူယူပြီး ထိုးစစ်ဆင်လာနေရာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်ချိန်မှာ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“အာလုံး အကြမ်းဖက်စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေနတ်မှန်ပြီး သေတာတွေ့ရတယ်၊ ကျွန်တော်တို့ဘက်ကတော့ ရဲဘော်အညာသား လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့ရသလို နောက်ရဲဘော်တစ်ဦးလည်း လက်ကို ဗုံးစထိမှန်လို့ လက်မတစ်ချောင်းတော့ ဖြတ်လိုက်ရတယ်၊ သူတို့က မြေပြင်ထိုးစစ်မဆင်နိုင်တာကြောင့် Y12 လေယာဥ်နဲ့ ဗုံးကြဲတာရော ပစ်ကူပေးတာရော လုပ်ပြီးထိုးတက်လာတာ”လို့ Southern Eagle PDF တပ်ဖွဲ့ဝင်တဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီး၊ နောက်ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံးကြဲချသလို လေယာဥ်ပေါ်ကနေ ပစ်ကူလုပ်တာတွေပါလုပ်တာ၊ တိုက်ပွဲ ဖြစ်ပွားခဲ့တာကတော့ အောက်တိုဘာ ၂၀ ရက်နေ့ကပေါ့၊ ဒီကြားထဲမှာလည်း လေယာဥ်နဲ့ ဗုံးလာကြဲချတာရှိသလို ကော့ကရိတ်မြို့ထဲကို အကြမ်းဖက်စစ်တပ်က စစ်သားအင်အားတွေ ထပ်မှန်ဖြည့်တင်းမှု့တွေလည်း လုပ်နေတယ်” လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
မြဝတီမြို့အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်စခန်းကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကရင်ပြည်နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က လူအင်အား၊ လက်နက်အင်အားနဲ့ စားနပ်ရိက္ခာတွေ ဖြည့်တင်းမှုတွေ ပြုလုပ်လာနေပြီး လေကြောင်းကနေ ကင်းပတ်တာ လူနေရပ်ကွက်နဲ့ ကျေးရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။