ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို Yangon UG People Army (YUPA) အဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဖောက်ခွဲမှုကို အောက်တိုဘာလ (၂၅)ရက် ည ၇နာရီ ၃၀ မိနစ်မှာ ဖောက်ခွဲခဲ့တာပါ၊ ပြင်းအားမြင့် အဝေးထိန်း ဗုံး (၂) လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ ပေါက်ကွဲအားပြင်းပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်” လို့ YUPA ဖောက်ခွဲရေးပြုလုပ်ခဲ့သူက မောင်းသတင်းဌာနကို ပြောပါတယ်။
“ရုံးတစ်ခုလုံးတော့ မီးတွေမှောင်ကျသွားပြီး မီးခိုးတွေ အလုံးလိုက်အူထွက်သွားတယ်၊ ထိခိုက်မှုကိုတော့ အတိအကျမသိရသေးပဲ ဘေးလွတ်ရာကို ရှောင်တိမ်းနိုင်ခဲ့တယ်၊ ရန်ကုန်မြို့ပေါ်မှာ ဘယ်တော့မှ သွေးမအေးသွားပဲ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့ ဒေါက်တိုင်များကို ဆက်လတ် ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်တယ်” လို့ အဲ့ဒီမြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ အကြမ်ဖက်စစ်တပ်ရဲ့ ဒေါက်တိုင်တွေကို ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ပြည်သူတွေရဲ့ ထောက်ပံ့လှုဒါန်းမှုတွေနဲ့ အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ဖို့ ရတဲ့နည်းနဲ့ တိုက်ပွဲ ဝင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်ပူးပေါင်းပါဝင် ဝန်းရံပေးစေလိုတယ်လို့ ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။
ပုံစာ – ဖောက်ခွဲရာမှာ အသုံးပြုတဲ့ အဝေးထိန်းမိုင်းပုံ
0 Shares:
You May Also Like
Read More

အမ်းမြို့ (နပခ) တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို CDF – Asho ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။