ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့အကြားရှိ ပြိုကျပျက်စီးသွားတဲ့ တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ပြီးစီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတံတားဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) ကတည်းက ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ် ပိတ်ပင်တားဆီးမှုကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အဲ့ဒီနောက် ကျောက်မဲမြို့ကို PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်မှာ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေက တာဝန်ယူ ပြန်လည်တည်ဆောက်ပေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်မှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
အကျယ် ၅ ပေ၊ အရှည် ၂၆ ပေရှိတဲ့ အဲ့ဒီတံတားကို ပြန်လည်တည်ဆောက်ရာမှာ ကျပ်သိန်း (၂၁၅၀၀၀၀၀) ကုန်ကျခဲ့ပြီး အခုအချိန်မှာ ဆိုင်ကယ်တွေနဲ့ မော်တော်ကားတွေ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတံတားဟာ နမ့်ဆန်မြို့၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့မြို့နယ်ရှိ ပြည်သူလူထု ကုန်စည်ပို့ဆောင်တင်သွင်းရာမှာ အရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်အဖြစ် ယောတပ်တော် ပါဝင်ခဲ့၊ ယောဒေသလွတ်မြောက်ရေးလည်း ဆက်လက်လုပ်ဆောင်မယ်

ချင်းပြည်နယ်က မတူပီ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေနဲ့အတူ ယောတပ်တော်က မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို PDF နှင့် KNLA တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်မှ ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအပြား သိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။