မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်စွန်းနယ်ထိန်း ဇော်မင်းထွန်းရဲ့ ခိုင်းစေမှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို လိုက်လံထောက်လှမ်းနေတဲ့ ရဲသတင်းပေး WY ဆေးပြား ရောင်းချသူကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – ကျိုက်ထို) အနေနဲ့ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲသတင်းပေး ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို စစ်ဆေးဖော်ထုတ်ပြီး ကြားကာလ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို ဌာနချုပ်ဟောင်းနေရာဖြစ်သည့် ရန်ကုန် (အင်းစိန်) တွင် ပြန်လည်တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ် ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုဖြစ်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ ဌာနချုပ်ကို တည်နေရာဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့မှာ ပြန်လည်တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေ က ပြောဆိုခဲ့တယ်လို့ KNDO ဌာနချုပ်သတင်းတွေအရ သိရပါတယ်။
Read More

ရေဖြူမြို့မရဲစခန်းနှင့် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် NUG သမ္မတရုံး တိုက်တွန်း

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေအပြင် စစ်ရေးတင်းမာမှုတွေပါ ဖြစ်ပွားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တို့ ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့အနေနဲ့ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံး အဖြေရှာဖို့ လေးလေးနက်နက် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။