ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် () ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ PSLF/TNLA ရဲ့ ရဲချုပ် ဗိုလ်မှူးကြီး တားကုန်ခရီး၊ ဒုရဲချုပ် ဗိုလ်မှူး တားကုန်းနော၊ ဒုခရိုင်မှူး တားတံင်မျံမ်နဲ့ သင်ကြားပေးမယ့်ဆရာတွေ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA ရဲချုပ် တားကုန်ခရီးကတရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေးအရာရှိသင်တန်း)တက်ရောက်ပြီး တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်သွားဖို့၊ ချမှတ်ထားတဲ့ ဥပဒေတွေကို မိမိတို့ကိုယ်တိုင်လိုက်နာမှုရှိအောင် ကြိုးစားသွားကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားဖို့လိုအပ်ကြောင်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်းကာလအနေနဲ့ ()လကျော်ကြာမြင့်မှာဖြစ်ပြီး ဘာသာရပ်ပေါင်း ၁၀ ခုကို ကျွမ်းကျင်ပြီးဆရာတွေက သင်ကြားပို့ချသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာတွေ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သွားမယ့်အချက်တွေ၊ ရာဇသတ်ကြီး၊ တရားမျှတမှုဆိုင်ရာတွေ၊ သက်သေခံဥပဒေတွေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေနဲ့ အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်တွေ သင်ကြားပေးသွားမယ်လို့ TNLA က ဆိုပါတယ်။

TNLA ရဲ့ သင်တန်းမှာ သင်တန်းသား ၂၇ ယောက်နဲ့ သင်တန်းသူ ၃ ယောက် စုစုပေါင်း အယောက် ၃၀ တက်ရောက်သင်ကြားသွားမှာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတွေနဲ့ ခမရ ၄၀၇ တပ်ရင်းကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲမှု စစ်တပ်ဘက်က ၁၀ ယောက် သေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ - ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။