စစ်ကောင်စီကို လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်တင်ပို့ရောင်းချနေမှုတွေကို အလျင်အမြန် ပိတ်ဆို့အရေးယူဖို့ လိုအပ်နေပြီလို့  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Right က နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်တင်ပို့မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးဖို့အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Right ကမနေ့ကအောက်တိုဘာလ၂၄ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်တာပါ။

ဂျက်ဖိုက်တာ လေယာဉ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့  စစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်နေတာကို နိုင်ငံတကာက နှုတ်ဆိတ်နေပြီး ပိတ်ဆို့ဖြတ်တောက်ဖို့ တုံ့ဆိုင်းနေတယ်လို့ Fortify Right က ဆိုပါတယ်။

အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Right ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသတွင်း စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းတွေကို နိုင်ငံတကာ သိရှိအောင် ထုတ်ဖော်ပြောဆိုနေတဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေတာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်တယ်လို့လည်း ဝေဖန်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက်အုပ်စိုးမှုကို ဆက်လက်တည်မြဲစေနိုင်တဲ့ လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်သွင်း၊ စီးဆင်းမှုတွေကို ပိတ်ပင်ဖို့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သလို လုပ်လည်းလုပ်ဆောင်သင့်တဲ့ အခွင့်အာဏာတွေရှိတယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုတွေကတော့ အရပ်သားပြည်သူတွေနေထိုင်နေတဲ့ စစ်ဘေးရှောင်စခန်းတွေကို တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဖြစ်ရပ်အနေနဲ့ လူပေါင်းခြောက်ရာကျော် နေထိုင်တဲ့  ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဘန်ကောင်စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်လို့ ဒါဇင်နဲ့ ချီတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။

ဒါ့ကြောင့် အမေရိကန် အပါအဝင် အစိုးရတစ်ခုချင်းစီက လေယာဉ်လောင်စာဆီရောင်းချမှုနဲ့ ထောက်ပံ့မှုတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကြားကပဲ စစ်ကောင်စီက လေယာဉ်ဆီတွေ ရရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခြင်းကလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ၁၅ လအတွင်းမှာ စစ်ကောင်စီဟာ အရပ်သား ၂၄၁၄ ယောက်ထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာက စစ်အာဏာရှင်ကို မြန်မာနိုင်ငံမှာ ထင်တိုင်းကြဲလုပ်ဆောင်ခွင့်ရအောင် လက်ပိုက်စောင့်ကြည့်နေတဲ့ သဘောသာဖြစ်နေတယ်လို့လည်း  Fortify Right  အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်ငွေလိမ်လည်မှုများအတွက် DKBA နှင့် ခေါင်းဆောင် ၄ ဦးကို အမေရိကန် အရေးယူ၊ ကျားဖြန့်နှိမ်နင်းရန် အမေရိကန် အထူးအဖွဲ့ ဖွဲ့စည်းထား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။