စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။

ဂျာကစ်စားဖူးသရီး ဂျစ်ကားစီးဖူးသလားဆိုတဲ့ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ အသုံးအနှုန်းတွေပါဝင်နေတဲ့ အဲဒီမြန်မာဇာတ်ကားဟာ ရန်ကုန်မြို့က ရုပ်ရှင်ရုံတချို့မှာ ရုံတင်ပြသတော့မယ့်အချိန် အခုလို ဝေဖန်ခံနေရတာဖြစ်ပါတယ်။

လူမျိုးစုတိုင်းရဲ့ ရိုးရာဓလေ့၀တ်စုံတိုင်းဟာ လက်လွှတ်စပယ် အသုံးပြုသင့်သောအရာမဟုတ်ဘဲ ချစ်မြတ်နိုးစွာ အလေးထားသင့်သောအရာဖြစ်ပါတယ်။ ထိုရုပ်ရှင်ကား၏ ရုပ်ရှင်အမည်ဟာ အိန္ဒိယလူမျိုးစုကို လှောင်ပြောင် ပျက်ရယ်ပြုဖို့အတွက် ဖန်တီးထားသော လူမျိုးရေးခွဲခြားမှုများဖြင့် လှောင်ပြောင် စနောက် ခနဲ့ရန် ပြုလုပ်ဖန်တီးထားသော စကားတစ်ခုဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်များရဲ့ ထင်မြင်ယူဆချက်ဆိုတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာက ဒီနေ့ အောက်တိုဘာ ၂၅ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဂျာကစ်စားဖူးသရီး ဂျစ်ကားစီးဖူးသလားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်နဲ့ ပတ်သက်ပြီး အဲ့လို စကားလုံး အသုံးအနှုန်းဟာ အိန္ဒိယစကားတွေထဲမှာ မရှိတဲ့အပြင် အိန္ဒိယအနွယ်ဝင်တွေကို တွေ့တဲ့အခါ လေးစားမှုမရှိဘဲ လှောင်ပြောင်ပြောဆိုဖို့ အသုံးပြုတဲ့စကား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူမျိုးစုတစ်စုက မြတ်နိုးလေးစားစွာ ၀တ်ဆင်တဲ့အ၀တ်အစားကို ရုပ်ရှင်ဇာတ်ဝင်ခန်းအတွင်း ဟာသလုပ်ဖို့ သီးသန့်၀တ်ဆင်တာဖြစ်တဲ့အတွက် အလွန်ပင် စိတ်ပျက်မိကြောင်း ရေးသားထားပါတယ်။

ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ အသုံးအနှုန်းတွေပါဝင်နေတဲ့ ရုပ်ရှင်ဇာတ်ကား၏ ပိုစတာ

ဟိန္ဒူဘာသာတွေ အပါအဝင် ဆိုရှယ်မီဒီယာသုံးစွဲသူအများစုကလည်း ဒီရုပ်ရှင်အပေါ် ခွင့်ပြုပေးလိုက်တဲ့ ရုပ်ရှင်အသိုင်းအဝိုင်းက ဆင်ဆာအဖွဲ့ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပါတယ်။

လွင်မိုး၊ ခန့်စည်သူ၊ ခိုင်သင်းကြည် စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကို အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က နာမည်ကြီး ရုပ်ရှင်ရုံတချို့မှာ စတင်ပြသနေပြီဖြစ်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးကိစ္စရပ်တွေ တင်ပြရာ အနုပညာကို ဖန်တီးသူတွေအနေနဲ့ နှိမ့်ချဆက်ဆံစွာ ရိုက်ကူးလာတာဟာ မြန်မာ့ရုပ်ရှင်လောကမှာ ကြာမြင့်နေပြီဖြစ်ပြီး စစ်အာဏာသိမ်းထားတဲ့ နိုင်ငံဟာ ပိုမိုဆိုးရွားနိမ့်ကျတဲ့ မြန်မာ့ရုပ်ရှင်တွေသာ ထွက်ပေါ်လာဦးမှာဖြစ်ကြောင်း လူငယ်ဒါရိုက်တာ အောင်သိုက်ကလည်း သူရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

အခုရုပ်ရှင်ဟာ ဟိန္ဒူဘာသာဝင်များအထွဋ်အမြတ်ထားရာ မကြာခင်ကျရောက်တော့မယ့် ဒီပါ၀လီ နေ့ထူးနေ့မြတ်နဲ့ တိုက်ဆိုင်နေတာကြောင့် စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ချိန်သားကိုက်ခွင့်ပြုပေးလိုက်တာ ဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကိုတောင် ဖြစ်စေဖို့ အားပေးအားမြှောက်တဲ့ သဘောဆောင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီကို အားပေးထောက်ခံတဲ့ အဆိုတော်ယုန်လေးရဲ့ Original Gangster ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူနည်းပါးမှာ စိုးတာကြောင့် ပျူစောထီး(လူမိုက်)တွေက ရပ်ကွက်တွေအတွင်း အတင်းအကြပ် လက်မှတ်ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

ရေစကြို၊ ပျူရွာကို တော်လှန်ရေးတပ်တွေ Drone တွေနဲ့ တိုက်ခိုက်ခဲ့…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) ကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။