တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ မောင်းမကန်ရွာနေ ဒေါ်ခင်နှောင်း ဆိုသူ ၂ပတ်ကြာသတင်းအစအနမရဘဲ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး အသက်အန္တရယ်အထူးစိုးရိမ်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပြောပါတယ်။

အောက်တိုဘာ ၁၀ရက်နေ့က လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာနေ အသက် ၅၀အရွယ် ဒေါ်ခင်နှောင်း ကို အမည်မသိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင် ၂ယောက်က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီနေ့အချိန်အထိ သတင်းအစအန မရရှိသေးတာပါ။ ဒီကိစ္စအပေါ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ က ဖမ်းဆီးခံထားရသူ ဒေါ်ခင်နှောင်းကို သက်သေအထောက်အထားမရှိဘဲ အချိန်ကြာမြင့်စွာ ဖမ်းဆီးထားခြင်းမပြုလုပ်ဖို့နဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒေါ်ခင်နှောင်းက အခုချိန်ထိ ဘာသတင်းအစအနမှမရဘူးဗျ။ အဲဘက်မှာလှုပ်ရှားတဲ့အဖွဲ့တွေကလည်း သူတို့ မဖမ်းဘူးဆိုတာချည်း ပြောထားတယ်၊ အခုဆို ပျောက်နေတာ နှစ်ပတ်ကျော်ပါပြီ၊ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အနေအထားအထိ ရှိနေပါတယ်။ အမှန်ဆို ကျနော်တို့ဖြစ်စေချင်တာက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သူတို့မဖမ်းဘူးဆိုတာလောက်နဲ့တင် ရပ်မသွားဘဲ အမှုမှန်ပေါ်ပေါက်အောင် ဝိုင်းဝန်းစုံစမ်းပေးစေချင်ပါတယ်။ မောင်းမကန်တဝိုက်မှာ လှုပ်ရှားတဲ့အဖွဲ့တွေကို ပြောချင်တာပါ။လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် အမျိုးသမီး (ဓာတ်ပုံ အင်တာနက်)

သူကပဲဆက်လက်ပြီးဒေါ်ခင်နှောင်းက ဒလန်လုပ်တယ်ဆိုပြီးတိုင်ခံရလို့ ဖမ်းသွားတာလို့ကြားပါတယ်။ အိမ်ကလည်း ရဲစခန်းဘေးတင်ပါ၊ အဲ့တော့ ရဲတွေနဲ့လည်း ရင်းနှီးတယ်။ ရဲတွေက ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်းဆို ဝယ်ပေးလေ့ရှိတယ်ပေါ့။ နောက်ပြီး ရွာကလူတွေ ရဲစခန်းထောက်ခံစာလာတောင်းတာမျိုးတွေ အကူအညီပေးလေ့ရှိတယ်လို့ ပြောကြတယ်၊ အဲဒါတွေကြောင့်ပဲ အမြင်စောင်းပြီးဖမ်းခံရတာလားမပြောတက်ဘူး။အဲ့လိုတော့ မိသားစုဝင်တစ်ယောက်က ကျနော်တို့ကို ပြောပြပါတယ်လို့ မောင်းကိုပြောပါတယ်။

ဒေါ်ခင်နှောင်း ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပတ်သက်လို့ မောင်းမကန်တဝိုက် စစ်ရေးလှုပ်ရှားနေတဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မေးမြန်းရာမှာတော့ကျနော်တို့လည်း ဘယ်အဖွဲ့မှန်းမသိရဘူး ဖြစ်နေပါတယ်။လို့ မောင်းကို ပြန်လည်ဖြေကြားပါတယ်။

ဒီအတွက် ဖမ်းဆီးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ဒေါ်ခင်နှောင်းကို ဖမ်းဆီးထားရတဲ့ အကြောင်းအရင်း၊ ဖမ်းဆီးထားတဲ့ အခြေအနေတွေကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း အသိပေးတင်ပြဖို့နဲ့  ပြစ်မှုတစုံတရာကျူးလွန်ထားကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိရင် မတရားသဖြင့် ဖမ်းဆီးထားတာမျိုး၊ သတ်ဖြတ်တာမျိုးတွေ လုံးဝမပြုလုပ်ဘဲ ချက်ချင်းပြန်လွှတ်ပေးဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိတို့လှုပ်ရှားရာဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အလားတူဖြစ်ရပ်တွေအတွက် အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးပြီး ပြည်သူလူထုကို ကူညီပေးဖို့လိုတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင့်တပ်တော် (AA) နှင့် ချင်းညီနောင် (CB) အကြား လူမျိုးရေး မှိုင်းတိုက်မှုများ ရှိနေသည်ဟု CB ပြော

“ပလက်ဝမှာ ဖြစ်ခဲ့တဲ့ မုဒိန်းကျင့် ဖြစ်စဥ်တွေကို ULA/AA ကနေ ဝန်ခံထားတယ်။ AA ရဲဘော်တွေ ကျူးလွန်သွားတာပေါ့နော်။ ဝန်ခံပြီးမှ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေတယ်ပေါ့။ ဒါပေမယ့် လူမျိုးရေး မှိုင်းတိုက်တဲ့သဘောကို ဒီမှာ ပြန်တွေ့ရပါတယ်။ ကျနော်တို့ကလည်း ညီနောင်အနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းတဲ့အခါမှာ တကယ့်မြေပြင်က အရှိတရားက ULA/AA အနေနဲ့ ဒီကိစ္စကို အမြင့်ဆုံးသော ပြစ်ဒဏ်နဲ့ အရေးယူထားတယ်.. ကျူးလွန်သူတွေကို” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။
Read More

တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ အသိပေး …

"စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် ... အားပေးလိုပါတယ်"
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းကြောင့် မနေ့က ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်

အတုအယောင်ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူအရေအတွက်ဟာ ဖမ်းဆီးခံထားရမှုနဲ့ယှဥ်ရင် အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။