မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။

ဒေသတွင်းထွက်တဲ့ သစ်၊ ဝါးတွေကို အသုံးပြု ဆောက်လုပ်နေတာဖြစ်ပြီး စစ်ဘေးရှောင်နေရသူတွေထဲက ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ပညာသင်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အညာဒေသမှာရှိတဲ့ NUG ကြားကာလပညာသင်ကြားနေတဲ့ စစ်ရှောင်စာသင်ကျောင်းမှာ ဆောက်လုပ်နေတာပါဗျ။ လိုအပ်ချက်လေးတွေတော့ရှိပါတယ်။ သစ်နဲ့ဝါးတွေကို စုဆောင်းပြီး ဆောက်လုပ်နေကြတာဖြစ်ပါတယ်။ ဒီစာသင်ကျောင်းမှာ KG တန်းကနေ ဆယ်တန်းအထိ တတ်ရောက်ပညာသင်ကြားသူ ၁၂၂ ယောက်ရှိတယ်လို့ ပေါက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

ကလေးတွေရဲ့ ပညာရေးအတွက်ဆိုတော့ နည်းနည်း ရုန်းကန်ကြိုးစား ဆောက်လုပ်နေကြတာပါ။ ဒေသခံပြည်သူတွေရဲ့လုပ်အား၊ နောက်ပြီး ကျေးရွာက လူကြီးတွေ၊ အဆင်ပြေသူတွေဆီကနေ ချေးငှားပြီး ဆောက်လုပ်နေတာလို့လည်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒီစာသင်ကျောင်းဆောင်သစ်တွေကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောက်လုပ်နေတာဖြစ်ပြီး စစ်ဘေးရှောင် ကလေးတွေအတွက် ရှိပြီးသား တဲအဟောင်းတွေ ပျက်စီးချို့ယွင်းနေတာကြောင့် အခုလို အသစ်ထပ်မံဆောက်လုပ်နေတာ ဖြစ်ပါတယ်။

 

စစ်ဘေးရှောင်ကလေးတွေ စာသင်ဖို့ ကျောင်းဆောင်သစ်တွေ ဆောက်လုပ်နေပုံ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ရေးမြို့က စစ်ကောင်စီခမရ (၅၈၃) ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီရဲံ ခမရ (၅၈၃) တပ်ရင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီက အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲနေလို့ ဒေသခံပြည်သူတွေ ကြောက်လန့်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။