စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အဲဒီ အကြမ်းဖက်စစ်ကြောင်းဟာ မနေ့က အောက်တိုဘာ ၂၄ ရက်မှာ စိုင်ပြင်လေးကျေးရွာကနေ ဘုတလင်မြို့ထဲကို ပြန်လည်ဆုတ်ခွာလာပြီးတဲ့နောက် ဖမ်းဆီးလာတဲ့ ဓားစာခံတွေကို ခေါ်ဆောင်ကာ နမခ ထဲ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ (အောက်တိုဘာ ၂၅ရက်) မှာ ဘုတလင်မြို့ပေါ်ကနေ နမခထဲကို ဓားစာခံတွေနဲ့အတူတူ ထွက်သွားတယ်လို့ ကြားသိရတယ်။ အဲ့အချိန်မှာ တချို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။။ စခ တွေပဲ ကျတယ်လို့တော့ ကြားသိရတယ်။ အခုတော့ ဘုတလင်ရဲစခန်းကနေ စစ်အင်အား တစ်ဝက်လောက်ထွက်ပြီး နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ ကြားပါတယ်လို့ ဒေသခံ အမျိုးသမီးတစ်ယောက်က မောင်းကို ပြောပါတယ်။

သူတို့ပြန်ထွက်သွားလို့ ပြန်ဝင်လို့ရတဲ့ကျေးရွာတွေကိုတော့ စစ်ဘေးရှောင်တချို့ ပြန်ဝင်နေကြတယ်။ ပြန်ဝင်လို့ မရသေးတဲ့လူတွေကတော့ စစ်ရှောင်စခန်းတွေမှာပဲ ရှိပါသေးတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း စိုင်ပြင်လေးရွာကို မီးရှို့ဖျက်ဆီးပြီး အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို Monywa Inventor အဖွဲ့၊ ချင်းတွင်းဒိုင်းနမိုက်အဖွဲ့ နဲ့ BLDF အဖွဲ့တို့ ပူးပေါင်းပြီး ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာ တိုက်ပွဲဝင်နေသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့ ၅ ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များကို ရန်ကုန်တိုင်း ပကဖ တာဝန်ခှံင့် ဒုတာဝန်ခံတို့ တွေ့ဆုံခဲ့…

တောင်ပိုင်းစစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာရှိနေတဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ)ရဲဘော်မင်းရန်နိုင်တို့ တွေ့ဆုံပြီး ပကဖ လုပ်ငန်းစဥ်တွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။