မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မင်းစုံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သက်တော်၈၀အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ရက်၊ နေ့လည်ပိုင်းမှာ နွားထိုးကြီးမြို့နယ် အရှေ့ခြမ်း၊ မင်းစုံတောင် သစ်တောကြိုးဝိုင်းထဲမှာရှိနေတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တစ်စုံတစ်ရာတိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

လေကြောင်းဒဏ်သင့်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံထိခိုက်ပျက်စီးခဲ့ပြီး သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီးထိခိုက်ကာ မန္တလေးမြို့ဆေးရုံမှာ အရေးပေါ်တက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။

မွန်းလွဲ ၂နာရီ မိနစ်၄၀ လောက်မှာ တံတားဦးတက် ဂျက်ဖိုက်တာ ၂စီးနဲ့လာပြီးတိုက်သွားတာပါ။ တစ်စီးက ပေါင် ၅၀၀ ဗုံးချတယ်။ နောက်တစ်စီးက စက်လက်နဲ့ဆွဲတယ်ပေါ့။ တိုက်ပွဲလည်းမရှိ၊ စစ်ဘေးရှောင်လည်းမရှိ၊ PDF တွေလည်း မရှိဘဲ သက်သက်မဲ့ကို လုပ်သွားတာပါ။ အမျိုးဘာသာ သာသနာအော်တဲ့ ကောင်တွေကပဲ ဗုဒ္ဓဘာသာ၊ သာသနာအဆောက်အအုံတွေပါမချန် စော်ကားနေကြတာပါလို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

တခြားဒေသခံ ၁ယောက်ကလည်းကျောင်းပေါ်လေယာဥ်တွေဝဲပြီဆိုတာနဲ့  တချို့တွေလည်း ပြေးကြပုန်းကြပေါ့။ ဆရာတော်ကြီးလည်းရှောင်နေတုန်း ဗုံးစမှန်ပြီး နောက်ကျောဘက်မှာ ဒဏ်ရာရခဲ့တာပါ။ အသက်ကလည်း ၈၀ဆိုတော့ကြီးလှပါပြီ။ အခုတော့ မန္တလေးမှာ ဆေးတက်ကုနေပါတယ်။ မစိုးရိမ်ရတော့ဘူးလို့ပြောတယ်လို့ မောင်းကိုပြောပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မြောင်မြို့အနောက်ဘက် ၁၃မိုင်အကွာမှာရှိတဲ့ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အတွက် အသက် ၈၀ ဝန်းကျင် အဘွားအိုတစ်ယောက်အပါအဝင် အပြစ်မဲ့အရပ်သား ၆ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါသေးတယ်။

 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဘုန်းကြီးကျောင်း (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြားသေပြီး ၂၀ ကျော် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းပြားမြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

အာရက္ခတပ်တော်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ကို အကြမ်းဖက်စစ်ကော်မရှင် တပ်သား တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက်သေဆုံးပြီး ၁၁ ဦး ထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က မြို့သစ်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ခလေးသူငယ် အပါအဝင် ပြည်သူများ သေဆုံးခဲ့ရတာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။