စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်က ဆားတောင်မြို့ရဲစခန်းက ရဲတပ်သားနဲ့ ညောင်ငုတ်တိုပျူစခန်းက ပျူခေါင်းဆောင်ရဲ့ တူမ မင်္ဂလာပွဲကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။
ဗုံးကြဲခံရမှုကြောင့် ရဲတပ်သားနဲ့ ပျူခေါင်းဆောင်ရဲ့တူမတို့ ရဲစခန်းအတွင်း ထွက်ပြေးတိမ်းရှောင်သွားပြီး ရဲစခန်းကိုပါ ဒရုန်းနဲ့ ထပ်မံဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Phoenix -Sagaing၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force၊ ကြောင်လက်သည်း(ဝက်လက်)နဲ့ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းတို့ ပူးပေါင်းလုပ် ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။