တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သုံးလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား တစ်ထောင်ကျော်လောက် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။

ဉာဏ်လင်းသစ်က ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလတာအတွင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေနဲ့ မီဒီယာတွေမှာ ဖော်ပြလာမှုကို အခြေခံတွက်ချက်ပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အလားတူ ဖြစ်ရပ်တွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၃၀၀ ကျော်အထိ ရှိတယ်လို့လည်း ဆိုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာမှ

အာဏာသိမ်းပြီး ၃နှစ်ခွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာ နှစ်စဉ်မြင့်တက်နေပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကလည်း လျော့ကျလာခြင်းမရှိတဲ့အပြင် ပိုမိုဆိုးဝါးလာနေတယ်လို့လည်း သိရပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ၂၁၂၆ ကြိမ်ရှိခဲ့ပြီး မြို့ပေါင်း ၁၂ မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း တိုက်ပွဲဖော်ဆောင်မှုတွေမှာ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ မကွေးတိုင်းအတွင်း အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ဘုတလင်မြို့နယ် စီပါကျေးရွာမှာ အရပ်သားပြည်သူ ၂၀ ထက်မနည်းဟာ လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော် ဓားပြမှုအတွင်း အိမ်ရှင်လင်မယား အသတ်ခံခဲ့ရပေမယ့် မိန်းမဖြစ်သူ အသက်ရှင်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆီမီးခုံမြို့တိုက်ပွဲအတွင်း မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၊ ၃ ဦးကိုသာ ကောင်းမွန်စွာ သင်္ဂြိုဟ်ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့တိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၆ယောက် ကျဆုံးခဲ့ပြီး ၃ ယောက်ကိုပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။