စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒုစစ်ရေး တာဝန်ခံ၊ တပ်ခွဲမှူး နှစ်ယောက်၊ တပ်စိတ်မှူး တစ်ယောက်နဲ့ ရဲဘော် ငါးယောက် စုစုပေါင်း ရဲဘော် ၉ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့အတူ ကျောက်ဆည် ခရိုင်တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ ရွှေဘို ခရိုင်တပ်ရင်းတွေ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဉ့်ကိုင် တော်လှန်ရေးတပ်၊ တလုပ် PDF၊ တမူး NLA SSTF ရဲတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ DOUNG NI People Defence Force-DNPDF)

0 Shares:
You May Also Like
Read More

သံတောင်ကြီးမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိ…

ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။