မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း (Yaw National Revolution Force) က ထီးလင်းမြို့ ရွှေထီးခန်းမက ပျူ‌‌စောထီးတစ်ဦးယောက်ဟာ G-3 (၂)လက်၊ M-79 (၁)လက်၊ G-3 ကျည်ဘောက် (၂)ဘောက်၊7.62 ကျည် (၃၈)တောင့် ၊M-79 အသီး (၅)လုံးနဲ့ icon-5 R (၁)လုံး တို့ကို ယူဆောင်အလင်းဝင်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာတော့ အဲ့ဒီအလင်းဝင်လာတဲ့ ပျူစောထီးကို ဂုဏ်ပြုဆုငွေ သိန်း( ၁၀၀)  ကျပ်တိတိ ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ်  (၁၈) တပ်ရင်း (Yaw National Revolution Force) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Yaw National Revolution Force)
0 Shares:
You May Also Like
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KIA ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ ကျဆုံးခဲ့တဲ့ AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။