ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ၂၁ ရက်က ပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားများစီမံရေး အမျိုးသားကော်မတီအစည်းအဝေးအပြီး အခုလိုကြေညာခဲ့တာဖြစ်ပြီး ထိုင်းမှာရှိတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီဖြစ်စေမယ်လို့ သိရပါတယ်။

CI စင်တာအနေနဲ့ အဲဒီရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် အောက်တိုဘာ ၃၁ ရက်မှာ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမယ့်သူတွေကို ခရီးသွားလာခွင့်အချက်အလက် (TD) ရရှိရေး ကူညီဆောင်ရွက်ပေးသွားမှာပါ။

အခုလို CI စင်တာဖွင့်လှစ်မယ့်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဖိဖတ်ရက်ချာကစ်ပရာကမ်က အတည်ပြုပေးထားတာပါ။ ဒီကတဆင့် ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း တရားဝင် ဆက်လက်အလုပ်ကိုင်နိုင်စေဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရရှိစေမှာဖြစ်ပါတယ်။

အလုပ်အကိုင်ဦးစီးဌာန (DoE) ရဲ့ ဒါရိုက်တာ ဆွမ်ချိုင်မိုရာကော့စရီဝမ်က အဲဒီ အဆင့်မြင့် CI စင်တာကိုလာမယ့်နှစ်ဧပြီလအထိဖွင့်လှစ်သွားမှာဖြစ်ကြောင်းပြောဆိုပါတယ်။

(ဓာတ်ပုံ Thairath)

အခုမူလနေရာကို စောင့်ကြည့်ပြီး လိုအပ်ချက်အနည်းအများအလိုက် နောက်ထပ် CI စင်တာတွေဖွင့်မဖွင့်ကိုအကဲဖြတ်သွားမယ်လို့ဆွမ်ချိုင်က ပြောပါတယ်။ တကယ်လို့ လိုအပ်ချက်ကများနေမယ်ဆိုရင် စင်တာတွေ နောက်ထပ်ဖွင့်လှစ်ဖို့ စဉ်းစားဆုံးဖြတ်သွားမှာပါ”။

အခုလိုလုပ်ဆောင်ချက်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကို မှတ်တမ်းပြုစုဖို့နဲ့ တရားဝင်အသိအမှတ်ပြုဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံတဝှမ်းက ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကို အောက်တိုဘာ ၃၁ နေ့ နောက်ဆုံးထားမှတ်ပုံတင်ဖို့ ညွှန်ကြားခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဖြစ်တယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပြည့်စုံတဲ့ဒေတာဘေ့စ်တည်ဆောက်ရေးနှောင့်နှေးနေတဲ့အပေါ်စိုးရိမ်မှုနဲ့ဒီလိုနှောင့်နှေးကြန့်ကြာနေမှုတွေကလုပ်ငန်းကဏ္ဍနဲ့အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်မှုတွေအပေါ်ဆိုးရွားစွာထိခိုက်စေကြောင်းအစိုးရအဖွဲ့ကပြောဆိုခဲ့ပါတယ်။

အဲဒီစိုးရိမ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ DoE ကရွှေ့ပြောင်းအလုပ်သမားတွေရဲ့အလုပ်လုပ်ခွင့်ကို၂နှစ်သက်တမ်းတိုးပေးဖို့အဆိုပြုခဲ့ကြောင်းဆွမ်ချိုင်ကပြောပါတယ်။

ဒီအဆိုပြုချက်ကစီးပွားရေးကဏ္ဍပေါ်ဆိုးကျိုးသက်ရောက်မယ့်လုပ်သားပြတ်တောက်မှုအလားအလာကိုလျော့ပါးသက်သာစေဖို့ရည်ရွယ်ပြီးသဘောတူစာချုပ်သဏ္ဌာန်သတ်မှတ်လုပ်ဆောင်မှာဖြစ်တယ်လို့ဘန်ကောက်ပို့စ်ကသတင်းဖော်ပြထားပါတယ်။

အလုပ်ရှင်တွေအနေနဲ့ သတ်မှတ်အချိန်အတွင်း သူတို့ရဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေကို မှတ်ပုံတင်ဖို့နဲ့ အသစ်ပြန်ပေးဖို့ ကျနော်တို့တိုက်တွန်းပါတယ်လို့ဆွမ်ချိုင်ကပြောပါတယ်။

မူရင်း – Thailand to open first CI centre for migrant workers in Samut Sakhon

0 Shares:
You May Also Like
Read More

မောင်တောမှာ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ စစ်တပ်ရဲ့ အကြီးအကျယ် ကျရှုံးခန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို အရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပါတယ်။
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
Read More

ပေါ်တာဆွဲခံရသည့် လူငယ် ၄ ဦး စစ်အုပ်စု အချုပ်ခန်းမှ ဘယ်လို ထွက်ပြေးလွတ်မြောက်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

မြန်မာစစ်အုပ်စုက Airbus ၏ မိတ်ဖက် AVIC ထံမှ လေယာဉ်သစ်များ ဆက်တိုက်ဝယ်ယူ လက်ခံရရှိနေသည်ဟု JFM ဖော်ပြ

မြန်မာစစ်အုပ်စုဟာ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားတယ်လို့ Justice For Myanmar (JFM) က မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  
Read More

မြန်မာစစ်ကောင်စီအလိုကျ ကပြအသုံးတော်ခံနေသည့် ကုလသမဂ္ဂ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။