စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မိုးများနေတဲ့အတွက် တောင်ယမားချောင်းဟာ ဒီနေ့ အောက်တိုဘာ၂၄ ရက် နေ့လည် ၁ နာရီ အချိန်မှာ ကန်ရေပြည့်မှတ် ၆၆၀ကနေ ၆၆၂ ဒသမ ၅ အထိ ရေတက်လာတဲ့ အတွက် ရေပိုလွှဲက ၂ ပေ ရေကျော်နေတာကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်နေကျတာပါ။

စိုးရိမ်စရာမရှိသေးပေမယ့် ချောင်းအတွင်း ရေဆင်းကူးတာ ရေဆော့ကစားတာမျိုးမပြုလုပ်ဖို နဲ့ အရေးကြီး ခရီးသွားများ အနေနဲ့ ချောင်းကို သတိထား ဖြတ်ကူးဖြတ်ကြဖို့ လည်း သတိပေးပါတယ်။

တောင်ယမားဆည် ရဲ့ရေမြင့်တက်လာမှုကို အနီးကပ်စောင့်ကြည့်နေပြီး၊ ပြည်သူတွေကို အချိန်နဲ့ တပြေးညီ အသိပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ရေလှောင်တမံတွေမှာ ရေမြင့်တက်လာမှုအခြေအနေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စောင့်ကြည့်ပြီး အနီးအနားကကျေးရွာတွေကို အသိပေးလျက်ရှိပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
0 Shares:
You May Also Like
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ၅ ယောက်သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ ခရိုင်ပကဖတွေ တွေ့ဆုံခဲ့

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖဦးဆောင်အဖွဲ့က ပုသိမ်ခရိုင်၊ ​မြောင်းမြခရိုင် ပကဖ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ  တာဝန်ရှိသူတွေ၊ ရဲ​ဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။