ပဲခူးတိုင်းအနာက်ခြမ်း အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မနေ့က အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းဟာ အုတ်ဖိုမြို့နယ် ကန့်နီကျေးရွာ ဘော်ဘင်တိုက်က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်စစ်သားတွေဟာ အင်းမ ၆၆ လက်အောက်ခံတပ်ကဖြစ်ပြီး ဝိုင်း ကျေးရွာရဲစခန်းကနေ ခမရ ၆ တပ်ဆီကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။