စစ်ကိုင်းတိုင်း၊ မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerilla Force အဖွဲ့ထံက သိရပါတယ်။

ပစ်မှတ်တွေကို မနက်အစောပိုင်းမှာ ဗုံးသီး ၂ လုံး၊ နေ့လည်ပိုင်းမှာ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မတ္တရာမြို့နယ် နန်းတော်ကျွန်းကျေးရွာအရှေ့ဘက် ဥဒေါင်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကလည်း ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ကူ ‌ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ Phoenix SGG၊ Acid ldf နဲ့ Royal Falcon Guerilla Force အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး ရွာခံအမျိုးသား ၁ ဦးလည်း သတ်ဖြတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းအရှေ့ရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ရွာခံအမျိုးသား ၁ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အင်အား ၇၀ ကျော်ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာခံအမျိုးသား (၄၄) နှစ်အရွယ် ကိုမင်းနိုင်ကို ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''
Read More

လေထီးမပွင့်ဘဲ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လေထီးခုန် အင်အားဖြည့်တင်းမှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက်‌သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေ ဘောလုံးကန်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကအကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း Young Wolf LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။