စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ တည်သီးတောရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား  ၂ ယောက်ကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ယောက်စလုံး သေဆုံးခဲ့တယ်လို့  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

သူတို့ထံကနေ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ အီနာဂါဗုံးသီး ၄ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို တိုက်နယ် ၂ ကပဖ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့ ၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့) ၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်- မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ မတ်လ ၆ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူးစစ်ကြောင်းထံက သိရပါတယ်။
Read More

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲပါဝင်ခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်း (ရုပ်/သံ)

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ထိုင်းနိုင်ငံမှာ ပညာဆည်းပူးနေစဉ် ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲဝင်ရောက်လာခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်းအကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ရုပ်သံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

သာစည်ကျေးရွာရဲကင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲကင်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ၆၀ မမ လက်နက်ကြီး ၃လုံး၊ လက်လုပ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။