မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှိနေတဲ့ နေရာ  ၄ ခုကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေရှိနေတဲ့ နေရာ ၄ ခုကို တစ်နေ့တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ၊ ဆုတ်လေဦးလမ်းခွဲအနီးမှာရှိတဲ့ စစ်တပ်အထိုင်ချကင်းစခန်းငယ်ကို ဒရုန်းနဲ့ ဗုံးသီးအကြီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနာက်မှာတော့ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းနဲ့ အထိုင်ချစခန်းတွေဆီ အဝေးပစ်ရော့ကတ် ၆လုံးပစ်ခတ်တိုက်ခိုက်ရာ ပစ်မှတ်ကို ၄လုံးထိမှန်ခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တပြိုက်နက်တည်းမှာပဲ ကံပြား၊ သစ်ခေါက်တောင် ရွာက စစ်ကောင်စီကင်းစခန်းတွေကိုလည်း ၆၀မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒီစစ်ဆင်ရေးတစ်ခုလုံး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း သေပါတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မင်းဘူးခရိုင်အမှတ် ၅တပ်ရင်းနဲ့အတူ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ စလင်းပကဖ၊ မင်းဘူးခရိုင်ပကဖ ဒရုန်းလက်ရုံးအဖွဲ့၊ ဒေါင်းညီနောင်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်မည့် လွှတ်တော်သုံးရပ် မဲဆန္ဒနယ် ၁၂၁ ခုစာရင်း ကြေညာ

အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတချို့ ပါဝင်လာခြင်း မရှိပါဘူး။ အဆိုပါထုတ်ပြန်ချက်ကို စစ်တပ်ဟာ သူတို့ရဲ့ လက်အောက်ခံ သတင်းမီဒီယာတွေကတဆင့် မနေ့က စက်တင်ဘာလ ၁၄ ရက်မှာ အတိအလင်း ကြေညာလာတာပဲ ဖြစ်ပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။