စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်မြင်းမချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း ၊ တပ်ခွဲ၃ ထံက သိရပါတယ်။

မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲပြီး လမ်းသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fixed wings ဒရုန်း ၁၀ ၊ Multi rotor အမျိုးစားဒရုန်း ၁ စီး စုစုပေါင်း ဒရုန်း ၁၁ အစီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး မြောင်မြင်းမချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ စိန်ပြောင်းနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေရ အသေးစိတ် အတည်ပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် တပ်ရင်း(/ / )၊ ဒေသတွင်း တော်လှန်ရေး အင်အားစုများ၊ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကျားခင်စိန်အဖွဲ့(‌မြောင်)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force-FRF အဖွဲ့က သြဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွာမီးရှို့မယ့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘိုရွာကို မီးရှို့ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခမောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါ မျက်မြင် ၈ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၈ ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်-သရက်ချောင်းကားလမ်းပိုင်း ရွှေဂူတောင်ကျောင်းပေါ်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၄ ‌ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်-သရက်ချောင်းကားလမ်းပိုင်းရှိ ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။