တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ရောက်စဥ် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ယောက်လည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လောင်းလုံးမြို့နယ်အတွင်းက အောက်ရေဖြူကျေးရွာအုပ်စုကို အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ ၁၉ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်တိုဘာ ၁၆ရက်၊ နေ့လည်ပိုင်းက နေအိမ်ကနေ ဘေးလွတ်ရာကို ဆိုင်ကယ်နဲ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ ကဒတ်ငယ်ထိန် ရွာခံ ကိုမင်းအောင်() ကိုကန်းကန်း (အသက် ၃၀) ကို စစ်ကောင်စီတပ်တွေက ရေဖြူကျေးရွာနဲ့ ကဒတ်ငယ်ထိန်ရွာကြားမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ အောက်ရေဖြူရွာနေ အသက်၂၅ နှစ်အရွယ် ကိုမင်းကိုကိုနဲ့ ရွယ်တူအမျိုးသား ၁ယောက်ဟာ PDF အဖြစ် စွပ်စွဲဖမ်းဆီးခံရပြီး နှစ်ယောက်စလုံး ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ရက်ရက်စက်စက် သတ်ခဲ့တဲ့ ကိုမင်းကိုကိုရဲ့ ရုပ်အလောင်း (ဓာတ်ပုံ Democracy Movement Strike Committee-Dawei)

အလောင်းတွေကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့ရောက်မှာသာ ညင်းမော်ရွာထဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ အောက်ရေဖြူရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ လိမ်လည်သတင်းထုတ်ပြန်ကြပါတယ်။

စစ်ကောင်စီက ပစ်ခတ်မှုဖြစ်ပြီးတိုင်း ပြည်သူကိုပဲ မဲတာပါ။ မတရား ဖမ်းဆီးသတ်ဖြတ်မယ်။ ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဆိုပြီး မဟုတ်မမှန် သတင်းအမှားလွှင့်မယ်။ သေချာတာကတော့ ပြည်သူကို အကြောက်တရားထည့်ချင်လို့ရယ် နောက်တစ်ခုက တော်လှန်ရေးလုပ်နေတဲ့သူတွေရှိလို့ ပြည်သူတွေ အခုလို ထိခိုက်နစ်နာရတာဆိုတဲ့ ယူဆချက်တွေ ရိုက်သွင်းချင်တာလည်း ပါပါတယ်။ ကိုမင်းကိုကို ဖမ်းဆီးခံရတာကတော့  သူ့ဖခင်ကြီး ကျန်းမာရေးမကောင်းလို့ စစ်ကြောင်းဝင်လာတာ မရှောင်နိုင်ဘူး။  အိမ်မှာပဲပြုစုနေရင်း ဖမ်းခံရတာပါ။ ကဒတ်ငယ်ထိန်ရွာသား ကိုမင်းအောင်ကတော့ ရှောင်ဖို့ထွက်လာရယ်သားနဲ့ နောက်ကျပြီး စစ်တပ်နဲ့ တိုးမိသွားတာပါလို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာပဲ ကဒတ်ငယ်ထိန်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အသက် ၇၃နှစ်အရွယ် ဒေါ် ခင်မြင့် () ဒေါ်မငယ်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကဒတ်ငယ်ထိန်ရွာ အနီးက အောက်ရေဖြူရွာနေ အသက်၅၀အရွယ် နှလုံးရောဂါအခံရှိသူ ဒေါ်သက်သက်ဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရမ်းသမ်းပစ်ခတ်သံကိုကြားပြီး နှလုံးဖောက်သေဆုံးခဲ့သေးတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNU ဌာနချုပ်ကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရ

ကရင်ပြည်နယ် KNU တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရှေ့တန်းကနေ ပြန်လာတဲ့ အင်းတော်ကြီး PDF က တော်လှန်ရေးရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IDG PDF) က ရဲဘော်တွေ ရှေ့တန်းကနေ ပြန်လာချိန် ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။