MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  ၃လကျော်အတွင်း လားရှိုး၊ လောက်ကိုင်၊ သိန္နီ အစရှိတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ တစ်လမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တဲ့ သဘောဖြစ်ပြီး တိုက်ခိုက်မှုအများစုဟာ အရပ်သားနေထိုင်ရာ လူနေရပ်ကွက်နဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနဲ့ မိုင်းရယ်မြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အများဆုံးခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်အများအပြားလည်း ပြင်းထန်စွာ ပျက်စီးခဲ့ပြီး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေလည်း ဆိုးရွားစွာ ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက မြို့ရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အလှည့်ကျပိုမိုပြုလုပ်လာတဲ့ အခြေအနေမှာ တော်လှန်ရေးအောင်မြင်မှုရရှိရေး ပြင်ဆင်တဲ့လိုအပ်ချက်မှာ ပိုမိုကြီးမားလာကြောင်း မြောက်ပိုင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က ဒီနေ့ အောက်တိုဘာ ၂၂ ရက် မှာ သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်း ဇရပ်ကွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ရက် မနေ့ နေ့လယ် ၁နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ အသိပေး …

"စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် ... အားပေးလိုပါတယ်"
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။