ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် () ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက် ၆ နာရီအချိန်ခန့်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် စစ်ကောင်စီရဲ့ မီးသတ်ဌာနအနေနဲ့ ၆ နာရီ ၁၀ မိနစ်မှာ သမိုင်းနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် () စီး၊  ရန်ကင်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် () စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် () စီး စသဖြင့် Level 1 ယာဥ်အုပ်စု စတင်ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၆ နာရီ ၁၇ မိနစ်အချိန်မှာတော့ စစ်ကောင်စီရဲ့ မီးငြှိမ်းသတ်ယာဥ် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၆ နာရီ ၂၇ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ ၆ နာရီ ၃၅ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ Myanmar Fire Service Department – SAC)

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၆၁ ယောက် သေ

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကောလင်းမြို့အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

တောင်​ငူလေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် တိုက်ခိုက်မှုမှာ စစ်ကောင်စီအရာရှိများ ထိခိုက်သေဆုံး၊ လေယာဉ်များနှင့် အ​​ဆောက်အအုံများလည်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။