စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားရဲ့ ပစိဖိတ်ရေတပ်က တိုက်သင်္ဘောငယ်လေးစင်းနဲ့ ထောက်ပို့သင်္ဘောတစင်းဟာဒုတိယမြောက် မြန်မာရုရှား ပူးတွဲရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့ ဆိုတာပါ။

ရုရှားသင်္ဘောတွေအနေနဲ့ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းတွေလုပ်ဆောင်သွားမှာဖြစ်ပြီးအသေးစိတ်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။

စစ်ကောင်စီရေတပ်အနေနဲ့ ကပ္ပလီပင်လယ် မြောက်ဘက်ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမယ်လို့ စစ်ကောင်စီက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါဧရိယာအတွင်းငါးဖမ်းသင်္ဘောတွေနဲ့လေယာဉ်တွေသွားလာခြင်းမပြုဖို့သတိပေးထားပေမဲ့ရုရှားသင်္ဘောတွေသို့မဟုတ်ရုရှားရေတပ်သားတွေပါဝင်ခြင်းရှိမရှိကိုတော့ပြောဆိုထားတာမရှိပါဘူး။

စစ်ကောင်စီနဲ့ ရုရှားရေတပ်တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ကပ္ပလီပင်လယ်ပြင်မှာ ပထမအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

ကုန်သီလဝါဆိပ်ကမ်းက ပူးတွဲရေကြောင်းလုံခြုံရေးစစ်ရေးလေ့ကျင့်မှုတွင် မြန်မာလေတပ်အရာရှိတစ်ဦးနှင့် ရုရှားရေတပ်အရာရှိတစ်ဦးတို့ကို လက်ဆွဲနှုတ်ဆက်လျက် တွေ့ရစဉ် (ဓာတ်ပုံ AFP)

တရုတ်နည်းတူ မော်စကိုဟာလည်း စစ်ကောင်စီရဲ့ အဓိကမဟာမိတ်ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ၄င်းတို့ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းရာမှာနဲ့ မြန်မာပြည်အနှံ့ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ ရုရှနိုင်ငံထုတ် လက်နက်တွေကို အသုံးပြုနေပြီး၊ ရုရှဟာ စစ်ကောင်စီကို သံတမန်ရေးရာ အထောက်အပံ့တွေလည်း ပံ့ပိုးပေးလျက်ရှိနေပါတယ်။

၄င်းရဲ့မြေပြင်တပ်များ စစ်ရေးရှုံးနိမ့်မှု များပြားလာတာတွေနဲ့အတူ စစ်ကောင်စီလေတပ်ဟာ ရုရှားထုတ် Sukhoi Su-30s MiG-29s နဲ့ Yak လေယာဉ်တွေကို ပိုမိုမှီခိုအားထားလာရတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၂ ခုနှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့အပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲအသစ်အတွက် စစ်ကောင်စီရဲ့ အစီအစဉ်ကို ရုရှားက ထောက်ခံကြောင်း ပြောဆိုထားပြီး စစ်ကောင်စီကလည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကိုတရားမျှတတယ်လို့ဆိုကာ ထောက်ခံခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်က ဘယ်ရွေးကောက်ပွဲမဆို အတုအယောင်သာ ဖြစ်မယ်လို့ အမေရိကန်က ပြောဆိုထားသလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက သွေးထွက်သံယိုမှုတွေ ထပ်မံဖြစ်ပွားစေမယ်လို့ အကဲခတ်တွေက ဆိုထားပါတယ်။

လက်နက်အားကိုးနဲ့ တရားမဝင် အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်ဟာပြည်သူတွေရဲ့လက်နက်စွဲကိုင်တော်လှန်မှုတွေကို နိုင်ငံအနှံ့ကြုံတွေ့နေရပြီး၊ ၄င်းတို့ရဲ့မောင်ရွှေလေးရေတပ်စခန်းဟာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့လပိုင်းအတွင်းက သမိုင်းတွင်ကျဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။

မူရင်းRussian Navy Ships Arrive in Myanmar for Joint Drills

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အကြမ်းဖက်စစ်တပ်ရုံးတွေကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ခဲ့ပြီး မြို့ကို ရရှိဖို့အတွက် ဆက်လက်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြို့ကို အပြီးသတ်တိုက်ခိုက်သွားဖို့ရှိတယ်လိုဆိုပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
Read More

အုတ်ဖိုတွင် ပေါ်တာဆွဲဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါ ၆ ဦး သေ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။