အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာတဲ့ စစ်သား ၃ယောက်မှာ သေနတ် ၂လက်ပါလာပြီး အရပ်သားပြည်သူတွေရဲ့ဆိုင်ကယ်တွေကို လုယူထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကြွေဂျိုင့်ရွာမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာတာ။ တစ်ယောက်က သေနတ်ဒဏ်ရာရထားတယ်။ သူတို့လက်ထဲမှာ သေနတ် ၂လက် ပါလာပြီး ချိုင်းကောက်ကျေးရွာထဲဝင်လာပြီး ဦးပီချေးနဲ့ ဦးမင်းလွင်တို့ဆီက ဆိုင်ကယ်ကို လုယူသွားတာလို့ ချိုင်းကောက်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်သားတွေဟာ ဧရာဝတီတိုင်းဘက် ထွက်ပြေးတဲ့လမ်းက ပိန္နဲကုန်းရွာကိုဝင်ကာ ချိုင်းကောက်ရွာက ယူလာတဲ့ ဆိုင်ကယ်တွေကို ထားခဲ့ပြီး ပိန္နဲကုန်းရွာက ဆိုင်ကယ်တွေ ထပ်မံလုယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်သားတချို့ အရပ်ဝတ်တွေနဲ့ လက်နက်မပါဘဲ ထွက်ပြေးလာပြီး ပိန္နဲကုန်းရွာမှာ ဆေးလိပ်ဝင်တောင်းသွားသေးတယ်လို့ သိရပါတယ်။

ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က ခံစစ်တွေပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းမှာ ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ပြည်သူတွေကို PDF က ရွှေ့ပြောင်းရာမှာ ကူညီပေး

ပဲခူးတိုင်း (အရှေ့ခြမ်း)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ 3702 (PDF) တပ်ရင်း စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၂၂) က တပ်ရင်းရှိ ရဲဘော်တွေအနေနဲ့ စည်းကမ်းရှိ​တဲ့ ရဲ​ဘော်တွေ၊ အမိန့်နာခံမှုရှိ​တဲ့ ရဲ​ဘော်တွေ ၊ ပြည်သူတွေ အားထားရ​တဲ့ ​ရဲ​ဘော်တွေ ဖြစ်​စေဖို့ တစ်လတာ မွမ်းမံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…