စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃နှစ်ခွဲကျော်အတွင်းမှာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ အထိရှိခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် အရပ်သားပြည်သူတွေကို စစ်ရာဇဝတ်မှုကျူးလွန်ပြီး ဆိုးဆိုးရွားရွာ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အများစုဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရတဲ့သူ ၃၁၀၀ လောက်ဟာ အရပ်သားပြည်သူတွေ ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ လောက်လဲ ပါဝင်ကြောင်းသိရပါတယ်။

လတ်တလော အထင်ရှားဆုံး ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါဝင်တဲ့ ဘုတလင်မြို့နယ် စီပါကျေးရွာကဖြစ်စဉ်ဖြစ်ပြီး အရပ်သား၂၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲမှာ လက်ထုတ္တောရွာ၊ ယင်းမာပင်၊ စုန်းချောင်း၊ ပဇီကြီးဒေသတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းတွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ကျဥ်း ၁၃ဦး ထွက်ပြေးလွတ်မြောက်၊ လွတ်မြောက်လာသူများအနက် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ မိုင်းနင်းမိပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။