စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ရှောင်ပြည်သူတွေထဲက နာတာရှည်လေဖြတ်ရောဂါခံစားနေရတဲ့ အသက် (၇၈)နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ (၁) ယောက်၊ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားတဲ့ အသက် (၃၁) နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ (၁) ယောက်နဲ့ အသက်(၇)နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ (၁) ယောက် စုစုပေါင်း(၃) ယောက်ကို တစ်ယောက် ထောက်ပံ့ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထောက်ပံ့မှုကို ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက အောက်တိုဘာ ၂၀ ရက်မှာ သွားရောက်ထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

