ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကြောင့်ရန်ကုန်အပါအဝင်ပြည်နယ်နဲ့တိုင်းတချို့မှာမိုးကြီးပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့အရပ်ဖက်မိုးလေဝသပညာရှင်တွေကသတိပေးပြောကြားထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ အနောက်အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်ကြောင်း သတိပေးထားတာပါ။

လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းအားကောင်းလာနိုင်ပြီး ၂၂ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်၊ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလကလည်း ခန့်မှန်းထားတာပါ။

ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာအပြင် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့လည်း သိရပါတယ်။

မုန်တိုင်းငယ်အဖြစ် လာမယ့် ၂၄ နာရီ အတွင်း ဖြစ်ပေါ်လာနိုင်တာကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပိုမို အားကောင်းပြီး မိုးကြီးနိုင်တယ်လို့လည်းဆိုပါတယ်။

မုတ်သုံကို ဆုတ်ခွာတော့မယ့် မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အင်အားကြီးမားတဲ့ မုန်တိုင်းတွေ ဝင်ရောက်လေ့ရှိတာကြောင့် မြစ်၀ကျွန်းပေါ်နဲ့ ကမ်းရိုးတမ်းဒေသတွေက ပြည်သူတွေ အနေနဲ့ အထူးဂရုပြုနေထိုင်ဖို့လည်း လိုအပ်ကြောင်း သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းဆွဲခံရကာ အထိနာထားသည့် စစ်တပ် ကျောက်ဆောက်ရွာကို ဝင်ရောက်မီးရှို့၊ အမျိုးသမီး ၁ ဦး မီးလောင်ကျွမ်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာသွားတဲ့ စစ်ကောင်စီက ကျောက်ဆောက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အမျိုးသမီး၁ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း M.V.P Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။