လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

MNDAAရဲ့ နိုင်ငံရေးဌာန၊ လားရှိုးအလုပ်အဖွဲ့က မင်းအောင်လှိုင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်သုံ့ပန်းမိသားစုဝင်တချို့ကို နေရပ်ပြန်နိုင်ဖို့ ပြောဆိုစည်းရုံးခဲ့ပြီး မိသားစုဝင် ၃၁ ယောက်ကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ စစ်ဘေးကြားခံဇုန်ဆီ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လ်ို့ ထုတ်ပြန်ပါတယ်။

စစ်သုံ့ပန်းမိသားစုဝင်တွေ နေရပ်ပြန်နိုင်ဖို့ မိသားစုဝင် ၃၁ ယောက် အပြန်ခရီးအတွက် စားနပ်ရိက္ခာနဲ့ တည်းခိုနေထိုင်ရေးအတွက် စရိတ်တွေကိုပါ ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ မိသားစုဝင်တွေ ဖမ်းဆီးခံရစဉ် ယာယီအခြေချစခန်းကို လိုက်ပါနေထိုင်ကြခြင်းဖြစ်ပြီး MNDAA က မိသားစုဝင်တွေအားလုံးကို နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်ခဲ့ကြပေမယ့် အများစုက နေရပ်ကိုမပြန်လိုဘဲ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး MNDAA က ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို အသုတ်လိုက်ပြန်လည်ပြီး လွှဲပြောင်းပေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ 果敢资讯网 ၏ သတင်းမှတ်တမ်းရုပ်သံမှ)

0 Shares:
You May Also Like
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်မှာ စစ်ရေးတင်းမာနေလို့ စာသင်ကျောင်းများ ပိတ်ထားရ…

“အဲဒီကျောင်းက ဖားကန့်မြို့လည်ခေါင်မှာ ရှိတာ၊ ကျောင်းက အခုမှ ပိတ်တာပါ၊ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်နေတာ၊ အခုမှပဲ ပိတ်တာ၊ ပိတ်တယ်ဆိုတာကလည်း ယာယီပိတ်တာပါ၊ အစိုးရကျောင်း အပြီးပိတ်တာ မဟုတ်ပါဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက ၂ နှစ်နီးပါးအတွင်း အရပ်သားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ ကြိမ် လုပ်ဆောင်ခဲ့၊ ကလေးငယ်ပေါင်း ၃၇၂ ယောက်ကို အသက်ဆုံးရှုံးစေခဲ့

အခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို နိုင်ငံတကာကနေ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီး၏ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားများ အောင်မြင်စွာ မွေးဖွားပေး

မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖယ်ခုံက နောင်ဝိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေး PDF က ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။