ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၂၀ ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ (Dragon Brothers GBK) ၊ တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ () (နတ်စစ်သည်) နဲ့ BTZM (GBK PDF) ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ အတွင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှတ်တမ်းများကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ၏ ၂၀၂၄ ခုနှစ် စစ်ရေးသတင်းအကျဉ်းချုပ်နဲ့ သိမ်းဆည်းရရှိမိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စစ်ဆင်ရေးမှတ်တမ်းတွေကို တောင်ပိုင်းစစ်ဒေသက ရုပ်သံနဲ့ တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက  သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။