တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်ပုလောထားဝယ် အမှတ်() ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းပို့ကာ အင်အားရာချီနဲ့ ထိုးစစ်ဆင်နေပြီးလေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေပေမယ့် သူတို့ရည်ရွယ်ထားတဲ့အတိုင်း ထိုးဖောက်နိုင်ခြင်း မရှိနေဘူးလို့ သိရပါတယ်။

အတင်းအဓမ္မတပ်သားစုဆောင်းခံရတဲ့လူငယ်တွေအနေနဲ့လည်း အသက်ရှင်လွန်မြောက်ဖို့ထွက်ပြေးရန် လိုကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့အနေနဲ့တော့ စစ်ကောင်စီတပ် ယူနီဖောင်း ဝတ်ထားပြီး လက်နက်ကိုင်ဆောင်ထားသူမှန်သမျှကို ချေမှုန်းသွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၁ ပတ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲအခြေအနေကြောင့် ပုလောမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ကြဲ၊ စက်တော်ရာ၊ ဇရပ်ဆိပ်၊ တပို၊ မိန်းမမြို့၊ မင်းပြင်ထိန်စတဲ့ ရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်း ဝင်လာတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

တောတွင်းတစ်နေရာမှာ ဖြစ်သလို စွန့်ပစ်ထားခြင်းခံခဲ့တဲ့ စစ်မှုထမ်းလူငယ်တစ်ယောက် (မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း)
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းနဲ့ မကွေးကနေ ဖမ်းဆီးခံရပြီး မိုးဗြဲမှာ စစ်မှုထမ်းနေရသူ ၂ ဦး PDF ထံ ထွက်ပြေးခိုလှုံံ

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။