ကရင်ပြည်နယ်၊ မြဝတီဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။

မြဝတီဝေါ်လေ ကားလမ်းမပေါ်က ဘလယ်ဒိုကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေးမဟာမိတ်ညီနောင်ပူးပေါင်းတပ်တွေက အဲ့ဒီစခန်းတွေကို သွားရောက်ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

 

 

(ဓာတ်ပုံ Cobra Column 2 VENOM)

0 Shares:
You May Also Like
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ (၇၇) မှ စစ်မှုထမ်းဆင်း ဒုတပ်စိပ်မှူး တစ်ဦးနှင့် တပ်သား တစ်ဦး လက်နက်မဲ့အလင်းဝင်

ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန် တပ်မဌာနချုပ် အမှတ် (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် စဥ့်ကူနယ်မြေ ရဲစခန်းကို PDF ၂ ရက်ဆက် တိုက်ခိုက်၊ စခန်းမှူးအပါ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က စစ်ကြောင်းထိုးရွာမီးရှို့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စဥ့်ကူးနယ်မြေ ရဲစခန်းတို့ကို ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စခန်းမှူးအပါ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။