အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ပင်လယ်ပြင်လေ့ကျင့်ခန်း လက်တွေ့ပစ်ခတ်မှု ()ရက်ကြာပြုလုပ်မှုကို အောက်တိုဘာ ၂၀ ရက်နေ့က စတင်ပြီး ၄ ရက်ကြာ ပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ရေပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်ခြင်းတွေကို အောက်တိုဘာ (၂၀) ရက်ကနေ (၂၄) ရက်ထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်တိုက်ပွဲတွေ ဆက်တိုက်ရှုံးနိမ့်နေသလို ရခိုင်ပြည်နယ် သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်စခန်းလိုမျိုး ရေတပ်စခန်းကြီးတွေကို ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်းတွေ လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။

မောင်ရွှေလေးရေတပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီအတွက် ပထမဦးဆုံး ရေတပ်စခန်းကြီးကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

မောင်ရွှေလေး ရေတပ်စခန်း မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ စစ်ကူဖြည့်ကာ လက်နက်ကြီးတွေနဲ့ ခုခံခဲ့ပေမယ့် သံတွဲမှာ လေဆိပ်သာမကဘဲ ရေတပ်စခန်းကိုပါ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ရေတပ်ဟာ မြေပြင်တိုက်ပွဲတွေမှာပါ လူအင်အားကူညီဖြည့်တင်းနေရလို့ အင်အားနည်းနေသလို ပင်လယ်ပြင် သင်္ဘောတွေဟာလည်း စစ်ဆင်ရေးအကြောင်းပြကာ ဆီခိုးယူနေကြပြီး အရပ်သားငါးဖမ်းသင်္ဘောတွေကို အကျပ်ကိုင် ဖမ်းဆီးတဲ့ ပင်လယ်ပြင် ဓါးပြအဆင့်သာ ရှိတော့ကြောင်း CDM ပြုလုပ်လာတဲ့ ရေတပ်အရာရှိတွေက မကြာခဏပြောဆိုလေ့ရှိကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျေးရွာများတွင် အင်အားဖြည့်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂  ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိကာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးနေကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်၏ ထောက်ပို့ငွေနှင့် ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြားနှင့် ကျည်ကာဦးထုပ်များ တပ်ဆင်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာန

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ရဲ့ ထောက်ပို့ငွေနဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြား၊ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။