မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ကြိုတင်သတင်းရရှိထားလို့ စောင့်ဆိုင်းဖမ်းဆီးစဉ် ရိက္ခာတင်ကားကို ဖမ်းဆီးနိုင်ခဲ့တာပါ။

အကြမ်းဖက်စစ်တပ်က အရပ်သားကားများကို မကြာခဏ အတင်းအဓမ္မ ရယူ အသုံးပြုလေ့ရှိပြီး ပျူစောထီးရွာကို ရိက္ခာပို့ဖို့ လုပ်ဆောင်စဉ်မှာလည်း အရပ်သားကားကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

သရက်ကွပျူစောထီးရွာကို ရိက္ခာပို့မည့် light truck ကား ၂ စီးနှင့် ဆန်အိတ် ၅၀ အိတ်၊ ဆား 50 kg တစ်အိတ် တို့ကို ပို့ဆောင်တဲ့ ကားသမားများကို ကြားဖြတ်၍ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆိးရမိတဲ့ ကားသမားတွေဟာ အရပ်သားပြည်သူတွေဖြစ်တာကြောင့် လိုအပ်တာများကို ပြန်လည်စစ်ဆေးကာလွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင်ကားများကို ချောဆွဲ၍ ပျူစောထီးရွာများကို ရိက္ခာပို့ရန် လုပ်ဆောင်နေမှုများကို ဆက်လက် စောင့်ကြည့်လျက်ရှိတယ်လို့လည်းဆိုပါတယ်။

 

 

(ဓာတ်ပုံ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံ)

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်း နယ်မြေရဲစခန်းနှင့် ထွေအုပ်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ ရက်ဆက် ဗုံးပစ်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်းနယ်မြေရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဗုံးသီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်း…

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။