ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။

လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေ စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ကြောင်း  ထန်တလန်မြို့နယ်မှာနေထိုင်တဲ့ဇိုဖေမျိုးနွယ်စုတွေရဲ့ဇိုဖေရမ်ကောင်စီကထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ဇိုဖေကောင်စီ အစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဇိုဖေရမ်ကောင်စီ ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးကနေ ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ အခွန်အကောက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးကာ စတင်အကောင်အထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဇိုဖေရမ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဇိုဖေရမ်အက်ကိုလည်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတွေ ပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇိုဖေရမ်ကောင်စီဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး Zopheiram Council Supporting Committee of Global နဲ့ လည်းကောင်း၊ ချင်းပြည်သူလူထုနဲ့ လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇိုဖေရမ်ကောင်စီ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

ခလရ ၂၇၃ နှင့် ခမရ ၁၀၁ မှ စစ်ကောင်စီတပ်သား ၂ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်…

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၂၇၃) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၁၀၁) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဒေါနစစ်ကြောင်းဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇) - Launglone Peninsula Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ဦး ရှိ၊ သန္ဓေစစ်သားများ အလင်းဝင်မှု များလာ

အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။