မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ စံပြကျေးရွာထိပ်က စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်၊ မနက်အစောပိုင်းက ရေးမြို့နယ်၊ ဒုံဖီကျေးရွာအုပ်စု ၊ အမှတ် ၈ပြည်ထောင်စုလမ်းမကြီးပေါ်၊ စံပြရွာထိပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ပွဲထဲ ဒေါနစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ယောက်နဲ့ အခြားရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
” ဖြစ်စဉ်က မနက် ၅ နာရီကျော်လောက်မှာ ပတ်ကင်းဆင်းလာတဲ့ စကစ အဖွဲ့ နဲ့ ကျနော်တို့ အနောက်ပစ်ကူ အဖွဲ့ ထိုက်ညာ‌ တောင်ပံမှာဆုံပြီး ပစ်ခတ်မှု စကြတယ်ပေါ့။ နောက်ဆုံးသိရတဲ့သတင်းအရ ဗိုလ်ကြီးအဆင့် လှိုင်မြင့်ထွန်းအပါ ၁၂ ယောက် ကျပါတယ်။စခန်းသိမ်းတော့ မအောင်မြင်ခဲ့ပါဘူး ရန်သူ့လက်နက် ၂ လက်သာ ရခဲ့ပါတယ်။ ကျနော်တို့ရဲဘော် ၂ ယောက်လည်း အသက်ပေးလှူခဲ့ရပါတယ်။” လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဆီက MA1နဲ့ MA2 သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဆိုပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အဲ့ဒီကင်းစခန်းကို ခမရ ၅၈၈ တပ်ကနေ စစ်ကူအင်အားတွေ ထပ်မံဖြည့်ထားတယ်လို့လည်း သိရပါတယ်။
ပုံစာ – ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကျုံဒုံး ထိတွေ့တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်​ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်လာပါတယ်။
Read More

“မေမေ့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး”

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နှလုံးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားစွာ ခံစားနေရပေမယ့် နှလုံးအထူးကုဆရာဝန်နဲ့ ပြသခွင့် မရကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒါဟာ မဟုတ်မမှန်ကြောင်း အာဏာသိမ်းစစ်တပ်က ပြောဆိုခဲ့ပါတယ်။
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။