မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ စံပြကျေးရွာထိပ်က စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်၊ မနက်အစောပိုင်းက ရေးမြို့နယ်၊ ဒုံဖီကျေးရွာအုပ်စု ၊ အမှတ် ၈ပြည်ထောင်စုလမ်းမကြီးပေါ်၊ စံပြရွာထိပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ပွဲထဲ ဒေါနစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ယောက်နဲ့ အခြားရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
” ဖြစ်စဉ်က မနက် ၅ နာရီကျော်လောက်မှာ ပတ်ကင်းဆင်းလာတဲ့ စကစ အဖွဲ့ နဲ့ ကျနော်တို့ အနောက်ပစ်ကူ အဖွဲ့ ထိုက်ညာ‌ တောင်ပံမှာဆုံပြီး ပစ်ခတ်မှု စကြတယ်ပေါ့။ နောက်ဆုံးသိရတဲ့သတင်းအရ ဗိုလ်ကြီးအဆင့် လှိုင်မြင့်ထွန်းအပါ ၁၂ ယောက် ကျပါတယ်။စခန်းသိမ်းတော့ မအောင်မြင်ခဲ့ပါဘူး ရန်သူ့လက်နက် ၂ လက်သာ ရခဲ့ပါတယ်။ ကျနော်တို့ရဲဘော် ၂ ယောက်လည်း အသက်ပေးလှူခဲ့ရပါတယ်။” လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဆီက MA1နဲ့ MA2 သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဆိုပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အဲ့ဒီကင်းစခန်းကို ခမရ ၅၈၈ တပ်ကနေ စစ်ကူအင်အားတွေ ထပ်မံဖြည့်ထားတယ်လို့လည်း သိရပါတယ်။
ပုံစာ – ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။